ကျောက်ဆည်ဆင်ပွဲ
(၂၅.၁၀.၂၀၁၂)
ရတနာပုံ သတင်းစာ
ယမန်နှစ်
သီတင်းကျွတ်လပြည့် (အဖိတ်နေ့)က ကမ္ဘာလှည့်ခရီးသည် ဂျပန်လူမျိုးတစ်ဦး၏ တောင်းဆိုချက်အရ
ပို့ဆောင်ပေးရင်း ကျောက်ဆည်ဆင်ပွဲတော်သို့ အလည်တစ်ခေါက် သွားရောက်လေ့လာဖြစ်ခဲ့ ပါတယ်။
သိတဲ့အတိုင်းပဲလေ။ အညာနွေရဲ့နှုတ်ဆက်အပူ၊ ချွေးကတလူလူ၊ ဖုံကထူထူနဲ့ အတော်လူစည်ကားလှ
တဲ့ပွဲပါ။ ဆင်ရုပ်ထဲမှာဝင်ပြီးကပြနေတဲ့ လူနှစ်ယောက်ကတော့ ပူရမှန်းတောင်သိလေလားမသိ။
စိတ်ဝင် စားစရာကောင်းတာတွကတော့ အများကြီးပါ။ မြန်မာပြည်မှာ တစ်ခုတည်းသာရှိသော အညာရိုးရာ
ဆင်ပွဲတော် တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကြုံကြိုက်လို့ လေ့လာမိသမျှ
ဖတ်မိမှတ်မိသမျှလေး တင်ပြပါရစေ။ “မြန်မာအစ
ကျောက်ဆည်က”လို့ဆိုရိုးစကားရှိ ခဲ့ဖူးသည်နှင့်အညီ
ကျောက်ဆည်မြို့ရဲ့ သမိုင်းကြောင်းဟာ အတော်နက် ရှိုင်းလှပါတယ်။ မှန်ပါတယ်။ ယခင်က ကျွန်တော်တို့
ကျောက်ဆည်မြို့အနီး မက္ခရာမြို့ဟောင်းကို နှစ်ကြိမ် တိုင်တိုင် သွားရောက်လေ့လာခဲ့စဉ်က
တော်တော်လေး ဆွေးမြေ့နေပြီဖြစ်တဲ့ ပျူခေတ်အရိုးပြာအိုးများစွာ ကို လေ့လာခဲ့ကြရပါတယ်။
အဲဒီနောက် တမုတ်ရွှေဂူကြီးဘုရားမှာလည်း ပျူခေတ်အရိုးပြာအိုးများစွာနှင့်  သုံးထပ်ဆင့်
ဆင်းတုတော်၊ ငါးထပ်ဆင့် ဆင်းတုတော်တို့ကို လေ့လာခဲ့ကြရပြန်ပါတယ်။ အဲဒါအပြင် ကျောက်ဆည်နယ်
တစ်ဝိုက်မှာ မြင်စိုင်းမြို့ဟောင်းကဲ့သို့ေ သာ ရှေးဟောင်းအမွေအနှစ်များစွာတို့ ဟာ ကျောက်ဆည်၏
ရှေးကျမှုကို သက်သေခံနေပါတယ်။
“ကျောက်ဆည်”ဆိုတာ “ကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ ဆည်”လို့ဆိုပါတယ်။ (၁၁ရာစု) အနော်ရထာမင်းကြီးဟာ
လယ်တွင်း(၉)ခရိုင်အတွက် ကျောက်တွေနဲ့ဆည်တစ်ခု တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဆည်ရဲ့
အနီးနားမှာ တည်ဆောက်ထားတဲ့မြို့ကို “ကျောက်ဆည်မြို့”လို့ခေါ်ဆိုလာ ခဲ့ကြတယ်လို့ဆိုပါတယ်။
တချို့ကလည်း “ကျောက်ဆင်”ဆိုတဲ့စကားကလာတယ်လို့  ဆိုကြပါ တယ်။ ရှေးအခါက အဲဒီနေရာမှာ
တောဆင်ရိုင်းတွေ များစွာနေထိုင်ကျက်စားခဲ့ကြပြီး ၊ ၄င်းဆင်ရိုင်းတွေကို ဖမ်းကာ ကျူံးသွင်းတဲ့နေရာ
လည်းဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ကျောက်ဆင်ရုပ်များ ထုလုပ်ထားလို့ “ကျောက်ဆင်မြို့”လို့ခေါ်ကြောင်း ၊ ၄င်း“ကျောက်ဆင်မြို့”ကနေ “ကျောက်ဆည်မြို့”
ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။
တကယ်တော့ “ကျောက်ဆည်ဆင်ပွဲတော်”ဆိုတာထက် “ကျောက်ဆည်ဆင်လှူပွဲတော်”လို့ဆိုတာ က ပို၍မှန်မယ်ထင်ပါတယ်။ တလက်စတည်း
သမိုင်းကြောင်းလေးနဲနဲ ရှင်းပြပါဦးမယ်။
(၁၁ရာစုခေတ်) ပုဂံပြည်ကို “အနော်ရထာမင်းကြီး”စိုးစံနေစဉ် တစ်ချိန်တည်းမှာ သီရိလင်္ကာ
နိုင်ငံကို “ဓာတုသေနမင်းကြီး”စိုးစံနေပြီး၊ သူတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့
အဆွေခင်ပွန်းများ ဖြစ်ခဲ့ကြပါတယ်။ အနော်ရထာမင်းကြီးက သီရိလင်္ကာရှိ ဗုဒ္ဓဆွယ်တော်ကို ကိုယ်းကွယ်လိုသဖြင့် မေတ္တာရပ်ခံ တောင်းခံခဲ့ရာ၊
သီရိလင်္ကာဘုရင်ဟာ ဆွယ်တော်ပွားတစ်ဆူရဖို့် သစ္စာအဓိဌာန်ပြုကာ ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူကို
ပုဂံအနော်ရထာမင်းကြီးအား လက်ဆောင်ပေးခဲ့ပါတယ်။ အနော်ရထာမင်းဟာ ဆွယ်တော်မြတ်ကို နန်းတွင်းမှာသာထားပြီး
တစ်ဦးတည်းကိုယ်းကွယ်ခဲ့ရာ ရှင်အရဟံ၏ မေတ္တာရပ်ခံမိန့်တော်မူချက်ကြော င့် အများပြည်သူများပါ
ကိုယ်းကွယ်နိုင်ရန် စီစဉ်ခဲ့ပါတယ်။ စီမံဆောင်ရွက်ပုံမှာ ဦးစွာ အနော်ရထာမင်းကြီးဟာ
စွယ်တော်ပွား(၅)ဆူရရှိရန် သစ္စာအဓိဌာန်ပြုပါတယ်။ ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူစီကို
ဆင်ဖြူတော် ပေါ်တင်ပြီး ၄င်းဆင်ဖြူတော်ဝပ်သည့်နေရာမှာ ၄င်းဆွယ်တော်ကို ဌာပနာပြု၍ စေတီများတည်ခဲ့ပါတယ်။
ပထမစေတီမှာ “ရွှေစည်းခုံစေတီ”၊ ဒုတိယစေတီမှာ “တန့်ကြည့်တောင်စေတီ”၊ တတိယစေတီိမှာ “လောကနန္ဒာစေတီ”၊ စတုထ္ဃစေတီမှာ “တူရွင်းတောင်စေတီ”တို့ဖြစ်ပြီး ၊ (ဒီဘုရားလေးဆူကိုတော့ အားလုံးသိရှိပြီးဖြစ်ကြပါလိမ့် မယ်။
ပုဂံမြို့ဟောင်းမှာ ဒီဘုရားလေးဆူကို တစ်နေ့တည်း ဖူးမြော်နိုင်လျင် ဘဝတစ်သက်တာ သုခချမ်းမြေ့မှုတွေရနိုင်တယ်လို့
ဆိုပါတယ်။) ပဉ္စမမြောက်စေတီတည်ဆောက်ရန် ဆင်ဖြူတော်ဟာ ယခု ကျောက်ဆည်အရပ်ထိ ရောက်လာခဲ့တယ်လို့
ဆိုပါတယ်။ ဆင်ဖြူတော်ဟာ “ရွှေသာလျောင်းတောင်”မှာ ခေတ္တ လဲလျောင်းအနား ယူပြီး၊ အဲဒီနောက်
“ခရွှေတောင်”ထက်သို့လည်းကောင်း၊ ထို့နောက် “မြတ်တောင်”ထက်သို့တက်၍
ဝပ်လေသဖြင့် ထိုတောင်ထက်မှာ ပဉ္စမမြောက်စေတီကို တည်ပါတယ်။ အနော်ရထာမင်းကြီးဟာ အဆိုပါ
ရွှေသာလျောင်းတောင်နှင့် ခရွှေတောင်တို့မှာလည်း များစွာသော ဓာတ်တော်တို့ကို ဌာပနာ၍ စေတီတစ်ဆူစီ
တည်ခဲ့ပါတယ်။ ၄င်းအပြင် (၃)နှစ်တိုင်တိုင် ဘုရားစေတီသိမ် ကျောင်းဇရပ် ရေတွင်း ရေကန်များစွာတို့ကို
တည်ဆောက်လှူဒါန်းသည့်အပြင် လယ်တွင်း(၉)ခရိုင် နှင့်ဆည်မြောင်းများကိုလည်း တည်ဆောက်တော်မူခဲ့ပါတယ်။
အဲဒီနောက် ထိုဒေသရှိ ပြည်သူအများ ကြီးပွားချမ်းသာရေး၊ ကျန်းမာရေးတို့အတွက် “ရွှေသာလျောင်းတောင်ဘုရား”အား ရွှေဆင်ရုပ် ငွေဆင်ရုပ် စသည့် ဆင်လှူပွဲကို
နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပစေခဲ့ပါတယ်။
ယခုအခါ ၄င်းရွှေဆင်ရုပ် ငွေဆင်ရုပ်များနှင့်အတူ
အခြားလှူဘွယ်ပစ္စည်းများပါထဲ့၍ လှူဒါန်းလာ ကြပြီး၊ ၄င်း “ဆင်လှူပွဲတော်”အထိမ်းအမှတ်အြ ဖစ်
သီတင်းကျွတ်လပြည့်နေ့မတိုင်မီ တစ်ရက်အလို (အဖိတ်နေ့)မှာ ဂုဏ် ပြုပွဲအဖြစ် “ဆင်အကပြိုင်ပွဲ”များကိုလည်းကျ င်းပလာခဲ့ကြပါတယ်။ ၄င်းအဖိတ်နေ့မှာ
“ဆင်အကပြိုင်ပွဲ”များကိုကျင်းပြ ပီး နောက်တစ်နေ့လပြည့်နေ့မှာ
ဆုရသူများကိုဆုချီးမြှင့်ကာ၊ အဲဒီဆုရတဲ့အဖွဲ့ကပင်
ဦး ဆောင်ပြီး ရွှေသာလျောင်းတောင်ဘုရားသို့ ဆင်လှူဒါန်းတဲ့ပွဲတော်ကို ကျင်းပရတယ်လို့ဆိုပါတယ်။
အချို့သောပြိုင်ပွဲဝင်အဖွဲ့များ က မြန်မာ့ရိုးရာ
ဒိုးပတ်ဝိုင်းဖြင့်လည်းကောင်း၊ အချို့က ဒိုးပတ်ဝိုင်း အပြင် မြန်မာ့ဆိုင်းဝိုင်းတော်နှင့် အတူ
အော်ဂင်စသည် အနောက်တိုင်းတေးဂီတများပါတွဲဖက် ၍ တီးမှုတ် သီဆိုကြပါတယ်။ တစ်ချို့က ခြေလျင်လာကြ၍
တစ်ချို့မှာ ကားကြီးကားငယ်များဖြင့် လာရောက်ကြပါတယ်။ ဆင်အမျိုးအစားမှာလည်း ဆင်ဖြူတော်၊
ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်နှင့် အကဆင် ဟူ၍ရှိသည်ဟု ဆိုပါတယ်။ ဆုရွေးချယ်တဲ့အချက်အချို့ကတော့
၁။ ဆင်ရုပ်၏ရွှေချည်ထိုးအလှ ၂။ ဆင်၏ အပြင်အဆင် ၃။ ကကွက်ကဟန်များ ၄။ သီချင်းစပ်ဆိုသီဆိုပုံ ၅။ တင်ပြပုံ Presentation တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲမဝင်တဲ့အဖွဲ့များစွာ လည်းရှိကြပါသေးတယ်။
သူတို့ကတော့ ကျောက်ဆည်မြို့ မြို့မဈေးကြီးကို (၃)ပတ်ပတ်ပြီး လှည့်လည်ကပြကြရပါတယ်။
(၃)ပတ်ပြည့်ခြင်း၊ မပြည့်ခြင်းအတွက် ပွဲတော်ကော်မတီသို့ဝင်၍ တစ်ပတ်ပြည့်တိုင်း လက်မှတ်ရေးထိုးရတယ်လို့ဆိုပါတယ် ။
(၃)ပတ်ပြည့်အောင် မကတဲ့အဖွဲ့ကို ပွဲတော်ဆင်နွှဲခွင့် မပေးဘူးလိှု့ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့
တချို့က ဆင်ရုပ်မ ဟုတ်ဘဲ ကျွဲရိုင်းရုပ်များဖြင့်ပါ ကပြကြတာကိုလည်းတွေ့ခဲ့ရပြီး၊ သူတို့တတွေဟာ
ယခုခေတ်ပေါ် ဟစ်ဟော့သီချင်းများ၊ ဘရိတ်ဒန့်စ် တီးလုံးများဖြင့် လမ်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့
ခတ်ကြမ်းကြမ်း အပြိုင်ကကြတာပါ။ ညနေပိုင်း ပွဲပြီးဆုံးကာနီးလေ အရုပ်များကျိုးပဲ့လာလေလေ၊
နောက်ဆုံး တစ်စစီစုပ်ပြတ်သတ်ထွက် ကုန်သည်အထိ မီးကုန်ယမ်းကုန် ကကြတာပါ။ ဒါဟာတီထွင်ဆန်းသစ်မှု
Creation တစ်ခုလို့ဆိုနိုင်ပါတယ်။
ယခုနှစ်(၂၉.၁၀.၂၀၁၂)
သတင်းကျွတ်လပြည့် (အဖိတ်နေ့)မှာလည်း “ကျောက်ဆည်ဆင်လှူပွဲတော်”သို့ တစ်ခါတစ်ခေါက် သွားရောက်လေ့လာကြည့်ရှုနိုင်ဖို့
တိုက်တွန်းရေးသားလိုက်ရပါသည်။
အကို
ReplyDeleteကျောက်ဆည်မှာကျွဲနဲ့ပတ်သတ်တာလုပ်မရပါဘူးခင်ဗျ
ကျွဲရုပ်နဲ့ကိုလည်းမမြင်ဖူးပါဘူး
ကျွန်တော်ကျောက်ဆည်သားပါ
အနော်ရထာမင်းဟာကျွဲခတ်လို့နတ်ရွာစံသွားတာကြောင့်
ကျောက်ဆည်နယ်မှာကျွဲမရှိပါဘူး
အရုပ်လည်းမမြင်ဖူးပါဘူး
စာလေးနဲနဲပြင်ပေးနိုင်မလား