Monday, October 29, 2012

မြန်မာနိုင်ငံအတွင်းရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်းစခန်းများ


၁။ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)
၂။ မိုးယွန်းကြီးအင်းဘေးမဲ့တော (ပဲခူးတိုင်း)
၃။ ရွှေစက်တော်တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (မကွေးတိုင်း)
၎။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (ကချင်ပြည်နယ်)
၅။ အင်းလေးကန်ဘေးမဲ့တော (ရှမ်းပြည်နယ်)
၆။ စိမ်ရေသစ်တောစခန်း (ပဲခူးတိုင်း)
၇။ မြိုင်ဟေ၀န်ဆင်သုတေသနစခန်း (တိုက်ကြီး)
၈။ အင်းတော်ကြီး တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (ကချင်ပြည်နယ်)
၉။ နတ်မတောင်အမျိုးသားဥယျာဉ် (ချင်းပြည်နယ်)
၁၀။ ချပ်သင်း တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (စစ်ကိုင်းတိုင်း)
၁၁။ ပုပ္ပါးတောင်ဥယျာဉ် (မန္တလေးတိုင်း)
၁၂။ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် (စစ်ကိုင်းတိုင်း)
၁၃။ မိန်းမလှကျွန်း တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (ဧရာဝတီတိုင်း)
၁၄။ လှော်ကားဥယျာဉ် (ထောက်ကြန့်)
၁၅။ ရန်ကုန်တိရိ စ္ဆာန်ဥယျာဉ် (ရန်ကုန်)

၁။ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)
          ၁၉၁၅ ခုနှစ်တွင် စတင်ခဲ့ ၁၉၉၉ ခုနှစ် ဧပြီလ (၇) ရက်တွင် အဆင့်မြင့်တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ (၄၃၆) ဧက ကျယ်ဝန်းသည်။ အမြင့်ဆုံး 97ံF / အနိမ့်ဆုံး 35ံ F ရှိသည်။ ပျမ်းမျှ မိုးရေချိန် ၆၃ လက်မ ရှိသည်။ ဥယျာဉ်အတွင်း၌ ပြည်တွင်းသစ်မာမျိုး (၄၈၂) မျိုး၊ ပြည်ပသစ်မာမျိုး (၆၇) မျိုး၊ ၀ါးမျိုးစိတ် (၇၅)မျိုး၊ အပင်စုစုပေါင်း (၁၅၇၀၄)ပင် ရှိသည်။
          ရှားပါးတိရိ စ္ဆာန် သားမင်း(၄)ကောင်၊ ပြည်တွင်းငှက် (၁၃) မျိုး ၊ ပြည်ပငှက် (၁၆)မျိုး၊ အကောင်ရေစုစုပေါင်း(၂၄၀) ရှိသည်။
          Flower Beds ပန်းဘောင်များ (၃၆၉)ခု၊ ဧရိယာ (၁၄၆၈၅၆)၊ စတုရန်းပေ (၂၁၀) ပေ၊ ပြည်တွင်းပြည်ပ ပန်းမျိုး (၂၁၀) မျိုး၊ အပင်ပေါင်း (၄၁၀၃၂၂) ပင် ရှိသည်။ ပြည်တွင်းသစ်ခွမျိုးပေါင်း (၂၀၀)မျိုး၊ အမြုံပေါင်း (၇၂၄၈) ရှိပါသည်။ ကမ္ဘာပေါ်တွင် ရှားပါးသောသစ်ခွမျိုး (၆) မျိုးရှိပါသည်။
          ကျောက်တောင်ဥယျာဉ်အ၀င်ဝတွင် ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်တိုင်ကြီး (၂)တိုင် စိုက်ထူ၍ ပေအရှည် (၆၂၀) ရှိ လျှောက်လမ်းအတွင်း ကျောက်ကပ်ပန်းများ၊ အပင်များကို လှည့်လည်ကြည့်ရှုခံစားနိုင်ပါသည်။
          ဥယျာဉ်အတွင်း သဘာဝရေထွက်၊ ရွှံနွံတောတွင်း ပေ(၁၀၁၀) အရှည်ရှိ သစ်သားတံတားရှိသည်။

၂။ မိုးယွန်းကြီးအင်းဘေးမဲ့တော (ပဲခူးတိုင်း)
          ၁၈၇၈ ခုနှစ်တွင် မိုးယွန်းကြီးရေလှောင်တမံအဖြစ်မှ ၁၉၈၈ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် တည်ထောင်ခဲ့ပြီး အကျယ်အ၀န်း (၄၀) စတုရန်းမိုင်ရှိသည်။ အမြင့်ဆုံးအပူချိန် 39.5ံ C ၊ ပျမ်းမျှမိုးရေချိန် ၁၀၃ လက်မ ရှိသည်။
          ကုန်းတွင်းပိုင်းငှက်မျိုးစုံ (၅၈)မျိုး၊ ဆောင်းခိုငှက် (၆၆)မျိုး၊ လိပ်ပြာမျိုးစိတ် (၂၆)မျိုး၊ သဘာဝရေနေပင် (Aquatic plants) (၂၆) မျိုး လေ့လာနိုင်သည်။ ဌာနေရေပျော်ငှက် စစ္စလီ ၊ မယ်ညို၊ ဆောင်းခိုငှက်၊ တင်ကျီး၊ ငဟစ်၊ ခရုတုတ်၊ ရေဘဲ၊ စွန်၊ ဇင်ယော်၊ မြစ်တွေးငှက်များတွေ့နိုင်သည်။ ဒီဇင်ဘာနှင့် ဇန်န၀ါရီလသည် ငှက်ကြည့်ရန် အကောင်းဆုံးလဖြစ်သည်။

၃။ ရွှေစက်တော်တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (မကွေးတိုင်း)
          ၁၉၄၀ ခုနှစ်တွင် တည်ထောင်ပြီး (၂၁၃.၄) စတုရန်းမိုင်ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် 36.5ံ C  ပျမ်းမျှ မိုးရေချိန် ၃၀ လက်မရှိသည်။
          လေ့လာနိုင်သောသတ္တ၀ါများမှာ ရွှေသမင်၊ ကြယ်လိပ်၊ ရှားပါးငှက်မျိုးစိတ်များ၊ အခြားငှက် (၁၁၃)မျိုး ဖြစ်သည်။
ခရီးသွားရန်အကောင်းဆုံးအချိန်မှာ ဖေဖော်ဝါရီမှ ဧပြီလအတွင်းဖြစ်သည်။
၎။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (ကချင်ပြည်နယ်)
          ၁၉၉၈ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့သည်။ အမြင့်ဆုံးအပူချိန် ၃၅.၈ံ C ၊ အနိမ့်ဆုံး ၃.၇ံ C ရှိသည်။
          မိုးရေချိန် ၁၅၆ လက်မရရှိသည်။
          ရေခဲတောင်သဘာ၀၀န်းကျင်၌ မှီတင်းနေထိုင်သော သားငှက်တိရိ စ္ဆာန် (Tarkin, Blue Sheep, Red Goral, Musk Dear, Red Panda) စသည့်နို့တိုက်သတ္တ၀ါများ၊ Monal, Tragopan, Partridge, Blood Pheasant, Tit, Nuthatch, Flycatcher, Warbler, Laughing thrush) စသည့်ငှက်များ၊ ထင်းရှုးတော၊ သစ်ခွအမျိုးမျိုး၊ တောင်ဇလပ်အပင်များ၊ မဂျစ်ဥ၊ ဂူရှားစသည့် ပရဆေးပင်များ၊ ရ၀မ်လူမျိုး၊ ထရုံလူမျိုး (လူပုလေးများ) တိဘက်မြန်မာလူမျိုး အချို့နေထိုင်သည်။
          နိုဝင်ဘာမှ ဧပြီအတွင်း ခရီးသွားရန် သင့်တော်သည်။

၅။ အင်းလေးကန်ဘေးမဲ့တော (ရှမ်းပြည်နယ်)
          ၁၉၈၅ တွင် ဘေးမဲ့တောအဖြစ်တည်ထောင်ပြီး ဧရိယာ ၂၄၈ စတုရန်းမိုင် ကျယ်ဝန်းပြီး  အနိမ့်ဆုံးအပူချိန် ၄၆ံ F ၊ အမြင့်ဆုံးအပူချိန် ၉၁ံ F ၊ ပျမ်းမျှမိုးရေချိန် ၃၇ လက်မရှိသည်။    
          လေ့လာနိုင်သည့်အရာများမှာ ကြိုးကြာငှက်များ-ပေါရိဿ - နဒီကန် အတွင်း၊ မိုင်းသောက် (Ford Stedmen) နှင့် စစ်သချုင်း လေ့လာခြင်း၊ ရေ ခြံလုပ်ငန်း၊ ကျွန်းမြောရိုင်းများ၊ ခေါင်တိုင်ရေပူစမ်း၊ အင်းသား၊ ပအို့၊ တောင်ရိုး လူမျိုးဓလေ့များ၊ အင်းလေးကန်အလှကို တောင်ပေါ်(Red Mountain Wine Camp) မှ လေ့လာနိုင်သည်။
          ရာသီမရွေးသွားလာနိုင်ပြီး ပွင့်လင်းရာသီမှာ အကောင်းဆုံးဖြစ်သည်။
         
၆။ စိမ်ရေသစ်တောစခန်း (ပဲခူးတိုင်း)
          ၁၉၉၄ တွင် တည်ထောင်ပြီး ၂ဧက ခန့် ကျယ်ဝန်းသည်။ အနိမ့်ဆုံးအပူချိန် ၆၅ံ F ၊ အမြင့်ဆုံး ၁၀၂ံ F ၊ ပျမ်းမျှမိုးရေချိန် ၇၂ လက်မရှိသည်။
          ခရီးသွားများအနေဖြင့် ပဲခူးရိုးမအတွင်းပေါက်ရောက်သောသစ်တောများ ကျွန်းတောများ၊ ၀ါးအမျိုးမျိုး၊ ကိုတွေ့နိုင် သည့်အပြင် ဆင်စီးခြင်း၊ ဆင်ဖြင့်သစ်ဆွဲ ထုတ်လုပ်ခြင်း၊ ကျွန်းသင်းသတ်ခြင်း စသည်တို့ကိုလည်းလေ့လာနိုင်သည်။
          ပွင့်လင်းရာသီတွင် ခရီးသွားလာပါက အကောင်းဆုံးဖြစ်ပါသည်။
၇။ မြိုင်ဟေ၀န်ဆင်သုတေသနစခန်း (တိုက်ကြီး)
          ၁၉၈၆ ခုနှစ်တွင် တည်ထောင်ပြီး အကျယ်အ၀န်း ၁၀ ဧက ရှိသည်။
          အမြင့်ဆုံးအပူချိန် ၄၁ံ C နှင့် အနိမ့်ဆုံး ၁၃ံ C ၊ ပျမ်းမျှမိုးရေချိန် (၂၄၀၀) မီလီမီတာ ရှိသည်။
          ဆင်ဝိုင်း (၅) ၀ိုင်းရှိပြီး ဆင်ကောင်ရေ (၂၈) ကောင်ရှိသည်။
          ဆင်အပျော်စီးခြင်း၊ ဆင်လိမ္မာပြကွက်များ၊ ဖမ်းမိတောဆင်ရိုင်းများအား လေ့ကျင့် သင်ကြားခြင်း၊ လိပ်ပြာ အင်းဆက် သဘာဝများလေ့လာခြင်း၊ သစ်ခွပရဆေးပင်များလေ့လာခြင်း စသည်တို့ကို ဖေဖော်ဝါရီမှ ဧပြီလအတွင်း လေ့လာနိုင်သည်။
၈။ အင်းတော်ကြီး တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (ကချင်ပြည်နယ်)
          ၁၉၉၉ တွင်တည်ထောင်ပြီး ၂၉၉ စတုရန်းမိုင်ကျယ်ဝန်းသည်။ နွေရာသီပျမ်းမျှအပူချိန် ၂၇.၉ံ C ၊ ဆောင်းရာသီ ပျမ်းမျှအပူချိန် ၁၇.၂ံC ၊ မိုးရေချိန် ၇၀.၁၅ လက်မ (တစ်နှစ်ပတ်လုံးရွာသွန်း) ရှိသည်။
          အရှေ့တောင်အာရှတွင် အကြီးဆုံးရေတိမ်ဒေသ ဂေဟစနစ် (Wetland Eco System) ၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ရှားပါးသည့်ကြိုးကြာငှက် (Sarus Crane)၊ ငှက်ကြီးဝံပို (Pelicn)၊ ချည်ငင်စွပ် (Stork)၊ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များ၊ လိပ်ပြာနှင့် အင်းဆက်မျိုးစုံတို့ကို အောက်တိုဘာမှ မေလ အတွင်း အကောင်းဆုံးလေ့လာနိုင်သည်။
၉။ နတ်မတောင်အမျိုးသားဥယျာဉ် (ချင်းပြည်နယ်)
          ၁၉၉၇ တွင်တည်ထောင်ပြီး ၂၇၉ စတုရန်းမိုင်ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် ၃၂ံ C ၊ အနိမ့်ဆုံး ၃ံ C နှင့် ပျမ်းမျှမိုးရေချိန် ၆၅လက်မရှိသည်။
          ခရီးသွားများအနေဖြင့် တောင်ဇလပ်ဖြူ (Rhododendron Cuffeanum)၊ တောင်ဇလပ်ဝါ (Rhododendron Burmenaca) အပင်များ၊ မျက်ခုံးဖြူ ငှက်ပြာခြောက်(White Browed Nuthatch) စသည့်ရှားပါးစာရင်းဝင်သားငှက်များ ချင်းလူမျိုးတို့၏ ရိုးရာဓလေ့များ၊ ငှက်မျိုးစိတ် (၂၈၄) မျိုး၊ သစ်ခွအပါ သဘာဝအပင်ပေါင်း (၁၀၀၀) ကျော် ၊ တွားသွားသတ္တ၀ါ (၅၅) မျိုး၊ လိပ်ပြာ (၇၇) မျိုးနှင့် နို့တိုက်သတ္တ၀ါများကို နိုဝင်ဘာလမှ ဧပြီလအတွင်း သွားရောက်လေ့လာနိုင်ပါသည်။
၁၀။ ချပ်သင်း တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (စစ်ကိုင်းတိုင်း)
          ၁၉၄၁ တွင်တည်ထောင်ပြီး ဧရိယာ (၁၀၄) စတုရန်းမိုင်ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် ၁၀၄ံF နှင့် အနိမ့်ဆုံး ၈၅ံ F ၊ ပျမ်းမျှမိုးရေချိန် ၅၀ မှ ၆၉ လက်မအတွင်း ရှိသည်။
          ဘေးမဲ့တောအတွင်း မြန်မာ့ရွှေသမင် (Cervus Eldi Thamin)များ၏ နေထိုင်ကျက်စားမှုများ၊ စန်းမြောင်စခန်း သဘာဝသမိုင်းပြတိုက်အတွင်း ရုပ်လုံးသွင်းပုံစံများ၊ ဓါတ်ပုံကားချပ်များ ( ပေါက်ရောက်ပင်နှင့် ဆေးဖက်ဝင်အပင်များ၊ သားငှက်တိရိ စ္ဆာန်များ)၊ ကင်းစခန်းတွင် နွယ်မြက်သစ်ပင် (၃၀၁) မျိုး၊ ငှက်မျိုးစိတ် (၂၂၄)မျိုး၊ ကုန်းနေရေနေသတ္တ၀ါ (၃၇) မျိုး၊ လိပ်ပြာ (၅၇) မျိုး၊ နို့တိုက်သတ္တ၀ါ (၂၁) မျိုးတို့ကို လေ့လာနိုင်သည်။
          ဒီဇင်ဘာမှ မေလအတွင်းလေ့လာနိုင်သည်။        
၁၁။ ပုပ္ပါးတောင်ဥယျာဉ် (မန္တလေးတိုင်း)
          ၁၉၈၃ တွင် တည်ထောင်ပြီး ၄၉.၆၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် ၁၀၈ံ Fနှင့် အနိမ့်ဆုံး ၅၅ံF ရှိပြီး ပျမ်းမျှမိုးရေချိန် ၄၅ လက်မခန့်ရှိသည်။
          ဥယျာဉ်အတွင်း (Bird Watching)၊ ငှက်ကြည့်ခြင်း၊ လိပ်ပြာမျိုးစုံ၊ အင်းဆက်ပိုးမွှားမျိုးစုံ၊ မီးတောင်ချိုင့်ဝှမ်းအတွင်း နေထိုင်သော မျောက်မွဲ မျက်ကွင်းဖြူ၊ သဘာဝရေထွက်များ၊ နို့တိုက်သတ္တ၀ါငယ်များ၊ ပရဆေး (၃၄၅)မျိုးရှိ ပရဆေးဥယျာဉ်၊ (၁၆) ဧက ကျယ်ဝန်းသောစန္ဒကူးတောနှင့် ခြံလှောင်မွေးမြူထားသော ရွှေသမင်များ၊ တောတွင်းမြင်းစီးခြင်း၊ ဂေါက်ရိုက်ခြင်း၊ တို့ကို လေ့လာနိုင်သည့်အပြင် ပုပ္ပါးတောင်ကလပ်တွင် ရာဇ၀င်အထောက်အထားများ နတ်ကွန်း၊ နတ်နန်းများ၊ လေ့လာနိုင်ပါသည်။
          တစ်နှစ်ပတ်လုံးသွားလာနိုင်သည်။        
၁၂။ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် (စစ်ကိုင်းတိုင်း)
          ၁၉၈၄ တွင်တည်ထောင်ပြီး ဧရိယာ (၆၂၀) စတု၇န်းမိုင်ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် ၁၀၆ံ F၊ အနိမ့်ဆုံးအပူချိန် ၅၀ံ F ၊ ပျမ်းမျှမိုးရေချိန် ၂၅မှ ၅၀ လက်မအတွင်းရှိသည်။
          ခရီးသွားများအနေဖြင့်
 အပင်မျိုးများ- ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ သစ်ပုတ်၊ တင်းဝါး၊ မျှင်ဝါး၊ ၀ါးဘိုးဝါး။
နို့တိုက်သတ္တ၀ါများ - ဆင်၊ကျားသစ်၊ တောခွေး၊ မျောက်၊ ၀က်ဝံ၊ ပြောင်၊ စိုင်၊ ဆတ်၊ ဂျီ၊
ငှက်မျိုးများ          - အောက်ချင်း၊ ငှက်ပြာခြောက်၊ ငှက်မင်းသား၊ သစ်တောက်ငှက်၊ ၀ါးရောင်းငှက်စသည့်ရှားပါးငှက်များ၊ လိပ်ပြာမျိုးများစသည်တို့ကိုလေ့လာတွေ့ရှိနိုင်သည်။
          ပွင့်လင်းရာသီ နိုဝင်ဘာမှ မေလအတွင်း လာရောက်နိုင်သည်။
၁၃။ မိန်းမလှကျွန်း တောရိုင်းတိရိ စ္ဆာန်ဘေးမဲ့တော (ဧရာဝတီတိုင်း)
          ၁၉၉၄ တွင် တည်ထောင်ပြီး ဧရိယာ (၅၂.၇၈) စတုရန်းမိုင် ကျယ်ဝန်းသည်။အမြင့်ဆုံး အပူချိန် ၁၀၀ံ F ၊ အနိမ့်ဆုံး အပူချိန် ၇၅ံ F ၊ မိုးရေချိန် ၉၅ လက်မမှ ၁၂၀လက်မအတွင်းရှိသည်။
          ဒီရေတောဂေဟစနစ် ၊ ဒီရေတောတွင်ပေါက်ရောက်သောအပင်များ၊ မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့်ေ၇ချို ရေငန် စပ် မိချောင်းများ၊ ဖျံများ၊ နို့တိုက်သတ္တ၀ါများ၊ ကမ်းခြေရေပျော်ငှက်မျိုးစိတ် (၄၀)မျိုး ခန့် ၊ လိပ်ပြာမျိုးစိတ် (၁၂) မျိုးတို့ကို လေ့လာနိုင်သည်။
          ကဒုံကလေး၊ ကယက်ကြီး၊ လိပ်သောင်များသို့ သွားရောက်၍ ပင်လယ်လိပ်ကြီးများ လိပ်ဥ အုခြင်း၊ လိပ်သားဖောက်ခြင်းများ  (ဒီဇင်ဘာနှင့် ဇန်န၀ါရီအတွင်း)
          ဗြုံမွေးကျွန်း၊ ဒီရေတောဥယျာဉ်အတွင်းလေ့လာခြင်း၊ အောက်တိုဘာမှ ဇန်န၀ါရီအထိ ဒီရေတောငှက်များ၊ ကမ်းခြေပျော်ငှက်များ(Shore Birds) ၊ဆောင်းခိုငှက်များ (Migratory Birds)၊ ပင်လယ်ပြင်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုခြင်းများ၊ အကြောင်းတို့ကို လေ့လာနိုင်ပါသည်။
          အောက်တိုဘာမှ ဧပြီလအထိသွားလာရန်အကောင်းဆုံးဖြစ်သည်။

၁၄။ လှော်ကားဥယျာဉ် (ထောက်ကြန့်)
          ၁၉၈၂ တွင် တည်ထောင်ပြီး သဘာဝတောဧရိယာ (၈၈၀) ဧက ၊ ကြားခံနယ်မြေ (၆၆၀) ဧက စုစုပေါင်း (၁၅၄၀ )ဧက ကျယ်ဝန်းသည်။အမြင့်ဆုံးအပူချိန် ၄၁ံ C ၊ အနိမ့်ဆုံး ၁၃ံ C ၊ မိုးရေချိန် (၂၄၀၀) မီလီမီတာ ခန့်ရှိသည်။
          ခရီးသွားများအနေဖြင့်  ၆၂ဧက ကျယ်ဝန်းသောတိရိ စ္ဆာန် ဥယျာဉ်ငယ်အတွင်း လေ့လာခြင်း၊ (၈၁၈)ဧက ကျယ်သော သဘာဝ ဥယျာဉ်အတွင်းတွင် တောရိုင်းတိရိ စ္ဆာန်များ ( သမင်၊ ဒရယ်၊ ဂျီ၊ ဆတ်၊ နွားနောက်၊ တောဝက်၊ တောကြက်) ၊ ငှက်မျိုးစုံ၊ သဘာဝပေါက်ပင်မျိုးစိတ် ၂၄၅ မျိုး၊ ဆေးဘက်ဝင် အပင် (၁၀၀) ကျော်၊ ကြိုးတံတားလျှောက်ခြင်း၊ မြန်မာရှားပါးလိပ်ပြာမျိုးစိတ် (၃၅၀) ကျော်၊ ဥယျာဉ်ပတ်လမ်းအတိုင်း ကားဖြင့်လှည့်လည်ကြည့်ရူခြင်းတို့ကို  ပြုလုပ်နိုင်သည်။
          ရာသီမရွေးသွားလာနိုင်ပြီး အကောင်းဆုံးမှာဆောင်းရာသီဖြစ်သည်။
၁၅။ ရန်ကုန်တိရိ စ္ဆာန်ဥယျာဉ် (ရန်ကုန်)
          ၁၉၀၆ တွင် တည်ထောင်ပြီး ၆၉ ဧက ကျယ်ဝန်းသည်။ အမြင့်ဆုံးအပူချိန် ၄၁ံ C ၊ အနိမ့်ဆုံးအပူချိန် ၁၂ံ C ၊ ပျမ်းမျှမိုးေ၇ချိန် (၂၂၀၀) မီလီမီတာ ရှိသည်။
          လေ့လာနိုင်သည့်အရာများမှာ - ဆင်လိမ္မာ၊ မျောက်လိမ္မာအကများ (စနေ၊တနင်္ဂနွေ နှင့် ရုံးပိတ်ရက်များ)၊ Buggy ယာဉ်စီးခြင်း၊ ဆင်စီးခြင်း၊ မြင်းလှည်းစီခြင်း၊ ဆိုက္ကားစီးခြင်း၊ ဥယျာဉ်အတွင်းသဘာဝသမိုင်းပြတိုက်တွင် ဝေလငါးရိုးပြခန်း၊ ၇ုပ်လုံးသွင်း နို့တိုက်သတ္တ၀ါပြခန်း၊ ဘူမိဗေဒပြခန်း၊ သီပေါမင်းလက်ထက်တွင်သေဆုံးသော ဆင်ဖြူတော်၏ ဆင်စွယ်တစ်စုံ၊
- ကျား၊ ခြသေ့င်္၊ ဆင် ၊ေ၇မြင်း၊ ငန်းဖြူ၊ ငန်းနက်၊ ဟသာင်္၊စသည့် တိရိ စ္ဆာန်ကျေးငှက် (၁၄၁) မျိုး ၊ အရိပ်ရအပင်များ (၁၉၂)မျိုး၊ ရာသီပန်းပင် (၂၄)မျိုး၊ ၀ါးနှင့်မြက်မျိုးများ (၂၃)မျိုး
စသည်တို့ကို လေ့လာနိုင်ပါသည်။
          ရာသီမရွေးသွားလာနိုင်ပါသည်။

“သဘာဝအခြေခံခရီးသွားလုပ်ငန်းစခန်းများ (Eco Tourism Sites) အတွင်းခရီးသွားဧည့်သည်များရှောင်ရန်အချက်များ-
(၁) စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း
(၂) အိမ်မွေးတိရိ စ္ဆာန်များခေါ်ဆောင်လာခြင်း
(၃) စက်ဆီ၊ ချောဆီယိုဖိတ်ခြင်း
(၄) သတ်မှတ်လမ်းကြောင်းနှင့် နေရာမှ လွဲ၍ ညအိပ်သွားလာခြင်း
(၅) သတ်မှတ်နေရာမှ လွဲ၍ မီးဖိုခြင်း၊ လောင်စာထင်းဖြုန်းတီးခြင်းနှင့် မီးကြွင်းထားရှိခြင်း
(၆) အသံဆူညံခြင်း
(၇) သာငှက်တိရိ စ္ဆာန်များအား အနှောက်အယှက်ပြုခြင်း
(၈) မျိုးသုဉ်းစေမည့် ငါးဖမ်းနည်းများပြုလုပ်ခြင်း
(၉) သဘာဝအရင်းအမြစ်များ စုဆောင်းခြင်း

*သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း သွားလာသည့်ခရီးသွားဧည့်သည်များသည် နိုင်ငံတကာမှကျင့်သုံးသည့်
 (Take Nothing  but Photographs, Leave nothing but Foot Prints) ဆောင်ပုဒ်အတိုင်းလိုက်နာရန်*
ကိုးကား။         ။ သစ်တောရေး၇ာဝန်ကြီးဌာနမှ ပြုစုသည့် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းစခန်းများနှင့် ပတ်သက်သောအချက်အလက်များ - စာအုပ်ကိုမှီငြမ်းသည်။


No comments:

Post a Comment