မန္တလေးက
ပြိတ္တာ ဥဒ္ဒိဿ အမျှဝေ အကျွတ်အလွတ်ပွဲ
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
(၂၀.၁၀.၂၀၁၂)
ရတနာပုံနေ့စဉ်သတင်းစာ
“အကျွတ်အလွတ်ပွဲ”ဟာ
မြန်မာတစ်ပြည်လုံးမှာ မန္တလေးမှာသာ တွေ့မြင်နိုင်တဲ့ မြန်မာ့ရိုးရာ ကုသိုလ်ကောင်းမှုပွဲတော်
တစ်ခုဟုဆိုရပါမည်။ နှစ်စဉ်လိုလို ကြာနီကန်သုဿန်သို့သွား၍ ကုသိုလ်ပြုဖြစ် သည်။ စိတ်ဝင်စားစရာတွေလည်း
များစွာတွေ့ခဲ့ရသည်။ လူစည်ကားလှတာကတော့ စာနဲ့ကိုဖွဲ့၍မပြော ပြနိုင်လောက်အောင်ပါပင်။
သီတင်းကျွတ်လပြည့်နေ့ မန္တလေးကျောက်တော်ကြီးဘုရားပွဲနှ င့် အပြိုင်ပင် စည်ကားလှသည်။ ကြောက်စရာသုဿန်တစလို့ဆိုသည့်
နေရာသည် အဲဒီညမှာတော့ ကုသိုလ်ကောင်းမှု တွေပြည့်နှက်နေသည့် ပျော်စရာနေရာတစ်ခုဖြစ်၍နေပေတော့ သည်။
လျှပ်စစ်မီးများလင်းထိန်နေပြီး ဆရာတော်များ လူကြီးလူငယ် အရွယ်စုံနှင့် မိန်းခလေးများပင်
ပါဝင်ဆင်နွှဲကြသည်။
ကွမ်းယာဆိုင်များ၊ မုန့်ဆိုင်များ၊ အုပ်ဂူတွေပေါ်မှာထိုင်ပြီး
စကားပြောသူများ၊ အစ်ကိုစံဖဲ အစ်မ မဖဲဝါတို့၊ မြေဘုတ်ဘီလူးတို့ အစာကျွေးထားသည်များကို
စောင့်ကြည့်နေသူများ၊ အလှူဒါနအဖြစ် အချိုရည် တိုက်ကျွေးသူများ စသည်ဖြင့် ဆူညံစည်ကားလှတဲ့
ပွဲတော်တစ်ခုပါ။
အဲဒီအထဲမှာ အရုပ်ဆိုးအကျည်းတန်စေတာတွေလည်း
တွေ့ခဲ့ရသေးသည်။ လာရောက်စား သောက်တဲ့ ဝိဥာဉ် ပြိတ္တာများ လန့်ပြီးထွက်မပြေးရန်နှင့်
ကြောက်လန့်ပြီး မလာရောက်မှာဆိုးရိမ်သည့် အတွက် ဗျောက်အိုးများမဖေါက်ကြပါရန် ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ
အကြိမ်များစွာ မေတ္တာရပ် ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်ခဲ့ပါသော်လည်း လူငယ်ယောင်္ကျားလေးများက
နားမထောင်ကြပါ။ ဘယ်လိုမှ တားဆီး၍မရပါ။ နောက်ဆုံး လိုက်လံဖမ်းဆီးရသည့်အဆင့်ထိပင်ေ ရာက်သွားခဲ့သည်။
ခေတ်လူ ငယ်တွေ စည်းကမ်းမဲ့လွန်းလာနေကြပြီဟု ဆိုရချေတော့မည်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီနှင့်
အနာဂတ်လူငယ်များအကြောင်းကို တွေးမိတိုင်း အတော်ပင်ရင်လေးစွာခံစားမိသည်။
၁။ (၃၅) ကြိမ်မြောက်
ယခုတစ်ကြိမ်(၂၀၁၂ ခုနှစ်) ကျင်းပသော
အကျွတ်အလွတ်ပွဲသည် (၃၅) ကြိမ်မြောက်ဖြစ်သည်။
၂။ အကျွတ်အလွတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်
မကျွတ်မလွတ်သေးသည့် ပြိတ္တာများကို ကျွတ်လွတ်အောင်
ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
(ကွယ်လွန်သွားကြပြီဖြစ်သော မကျွတ်မလွတ်သေးသည့် မိမိတို့၏
ဘိုးဘွားဆွေမျိုးများအား မိမိ ကိုယ်တိုင်လာရောက်၍ ကုသိုလ်ပြုခြင်း၊ ကျွေးမွေးခြင်း၊
အမျှပေးဝေခြင်းတို့ ပြုလုပ်နိုင်သည်။)
၃။ ကျင်းပသည့်နေ့ရက်
နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ (ယခုနှစ်
၃၀.၁၀.၂၀၁၂) ဖြစ်သည်။
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့
နံနက်တွင် တရားနာ၊ ရေစက်ချ၊ အမျှဝေသည်။
၎။
ကျင်းပမည့်နေရာများ
ယခင်အစကနဦးနှစ်များဆီက ဆင်ဖြူကန်သုဿန်၊
ဦးကောသဂြိ င်္ုင်းတို့အပါအဝင် မန္တလေးမြို့ရှိ အထင်ကရ သုဿန်များတွင်သာ ကျင်းပခဲ့သည်။
ယခုနှစ်တွင် ကြာနီကန်သုဿန် နှင့် တောင်အင်း မြောင်အင်းသုဿန်တို့မှာ တစ်နေ့တည်းတချိန်တည်း
ကျင်းပမည်ဖြစ်သည်။ တဖန် သတင်းကျွတ် လပြည့်ကျော် (၄) ရက်နှင့် (၅) ရက်နေ့များတွင် စစ်ကိုင်းကုန်းရွာ
(မြတောင်ဆရာတော်ကြီး ဦးသာသန ၏ရွာ) တွင် (၇) နှစ်မြောက်ကိုလည်းကောင်း၊ (၈) ရက်နှင့်
(၉) ရက်နေ့များတွင် ကျောက်ဆည်မြို့၊ ရွာပုလဲသုဿန်တွင် (ပထမအကြိမ်) လည်းကောင်း၊ (၁၁)
ရက်နှင့် (၁၂) ရက်နေ့များတွင် မြင်းမူ မြို့သုဿန်တွင်လည်းကောင်း၊ ထို့နောက် အခြားသောမြို့
များသို့ ဆက်လက်ကျင်းပသွားမှာဖြစ်သည်။
၅။ ဆက်လက်ကျင်းပမည့်နေရာများ
ပြင်ဦးလွင် (၃) နှစ်မြောက်၊ သိပေါ
နှင့် အခြားဖိတ်ကြားသောနေရာများ။ (ကျင်းပပေးပါရန် ဖိတ်ကြားပါ က အခမဲ့လာရောက် ကျင်းပပေးသည်
ဟုဆိုသည်။)
၆။ ကျွေးမွေးသောအစားအစာများ
ဆန်+အမဲသားကို ရောချက်ထားသည်။ သောက်ရေ ချပေးသည်။
သတ်သတ်လွတ်အဖြစ် ဆန်+ကုလားပဲကို ရောချက်ထားသည်။
ငှက်ပျောသီး၊ သောက်ရေ တို့ကိုလည်း ချပေးသည်။
၇။ ကျွေးမွေးချိန်
ညနေ ၅း၀၀ ခန့်မှာ စတင်ပြီး ည ၁၁း၀၀
ခန့်ထိ ကျွေးမွေးသည်။
၈။ နေရာများသတ်မှတ်ပေးခြင်း
ကိုးသဂြိ
င်္ုင်းကိုပိုင်ဆိုင်သော အစ်ကိုစံဖဲ နှင့် အစ်မမဖဲဝါတို့ မောင်နှမကို တစ်နေရာစီမှာ နေရာပေးသည်။
အဲဒီနောက် မြေဘုတ်ဘီလူးအတွက်တစ်နေရာ နှင့် ဆိုင်ရာနတ်အားလုံးအတွက်တစ်နေရာ အသီးအသီး
နေရာများသတ်မှတ်ချထားပေးပါသည်။
၉။ ဇရပ်တွင် ခင်းကျင်းပြင်ဆင်ပုံ
ဇရပ်ကို ဦးစွာ သန့်ရှင်းရေးလုပ်ပြီး
ဝင်ပေါက်တစ်ပေါက်ချန်လှပ်၍ ပလပ်စတစ်ကြီုးများဖြင့် ကာရံသည်။ အဲဒီနောက် ဇရပ်ပေါ်မှာ သဲဖြူခင်းသည်။
(သူတို့လာရင် ခြေရာစသည် တွေ့မြင်နိုင်အောင်လို့ဟု ဆိုပါသည်။) အဲဒီအထဲမှာ စေတီလေးတစ်ဆူတည်ပေးသည်။
ပြီးတော့ ရေစက်ခွက်ကလေးများလည်း ချပေးထားသည်။ ခင်းထားတဲ့သဲဖြူနဲ့ (၇) ပေခန့်အကွာ ဝင်ပေါက်မှာ
ဆန်ပန်းပေါက်များ ကြဲချထား သည်။ ၄င်းသဲဖြူခင်း ဝင်းထဲသို့ သက်ရှိလူ လုံဝဝင်ခွင့်မရှိဟုဆိုသည်။
၁၀။ ဆရာတော်ကြွရောက်ခြင်း နှင့် ဖိတ်ခေါ်ခြင်း(အကျဉ်းမျှသာ)
တိုက်အုပ် ဆရာတော် ဦးနေမိန် ကိုယ်တိုင်
ည(၁၀) နာရီလောက်မှာကြွရောက်ပြီး “ကိုးသဂြိ
င်္ုင်းကိုပိုင် ဆိုင်သော ကိုစံဖဲနဲ့ မဖဲဝါ အပါအဝင် မြေဘုတ်ဘီလူး၊ အလုံးစုံသော အစောင့်ရှောက်နတ်များအားလုံး၊
… ယခု ကျွေးမွေးဖို့ ဖိတ်ခေါ်ပါတယ်။ မနက်ဖြန် နံနက် ၈း၀၀ မှာလည်း ရေစက်ချအမျှပေးဝေဦးမှာ
ဖြစ်ပါတယ်။ နောက်နှစ် ဒီရက်ဒီအချိန်မှာလည်း ပြုလုပ်မည်ဖြစ်ပါတယ်။ ကျွတ်ထိုက်သူများလည်း
ကျွတ်တန်းဝင်နိုင်ရန် လာရောက်စားသောက်ကြပြီး အမျှဝေသာဓုခေါ်နိုင်ကြဖို့ လာရောက်ကြပါရန်
ဖိတ်ခေါ်ပါတယ်။ စသည်”
၁၁။ လျှပ်စစ်မီးများခေတ္တမှိတ်ခြင်း
ကျွေးမွေးစဉ်မှာ လျှပ်စစ်မီးများကို
ခေတ္တမှိတ်ပါသည်။ (ယခင်က မီးပြန်ဖွင့်လိုက်တဲ့အခါ သဲဖြူပေါ်မှာ ခြေရာများစွာ ကျန်ရစ်ခဲ့တယ်လို့
ကြားဖူးသည်။)
၁၂။ ဦးဆောင်ကျင်းပသောအဖွဲ့
လွန်ခဲ့သော (၃၅) နှစ် ပထမအကြိမ်ကျင်းပခဲ့စဉ်က
မင်းကွန်းဆရာတော်ဘုရားကြီးက ဦးဆောင်ခဲ့ပြီး မန္တလေးမြို့နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ
စုပေါင်းကျင်းပခဲ့သည်။ ယခုနှစ်တွင်လည်း မန္တလေးမြို့၊ တောင်စလင်းတိုက်ဆရာတော် ဦးတိက္ခအားဦးထိပ်ထား၍၊
ဝါကင်းကုန်း ကျောင်းတိုက် ဆရာတော် ဦးနေမိန် ကဦးစီးကာ၊ ကိုခင်မောင်တင့် ဦးစီးသော“ကလျာဏမိတ္တ”လူမှုကူညီေ ရးအသင်း နှင့် “နှလုံးလှမေတ္တာ”လူမှုကူညီရေးအသင်းတို့က
ပူးပေါင်း၍ ဦးဆောင်ကျင်းပမှာဖြစ်သည်။ “နှလုံးလှ
မေတ္တာ”လူမှုကူညီရေးအသင်းသည် ဝါကင်းကုန်း ဘုရားအနီးတွင်တည်ရှိပြီး၊
ဥက္ကဌ ဦးသန်းလှိုင်၊ ဒုဥက္ကဌ ကိုဇော်မြင့်နိုင်၊ အတွင်းရေးမှူး ဦးဝင်းရွှေ တို့ ဖြစ်သည်။
၁၃။ ဖျော်ရည်ကုသိုလ်
ကြွရောက်လာသော လူဧည့်ပရိဿတ်အားလုံးကို
ဖျော်ရည်နှင့် သောက်ရေသန့်တို့ကို တိုက်ကျွေး ကုသိုလ်ပြုမည်ဖြစ်သည်။ နှစ်စဉ် ရာသက်ပန်ကုသိုလ်ရှင်များစွာတို့ က
အထူးတာဝန်ယူထားသည် များလည်း ရှိသည်။
အသေးစိပ်သိရှိလိုပါက
“ကလျာဏမိတ္တ
”နှင့်“နှလုံးလှမေတ္တာ”လူမှုကူညီေ ရးအသင်းတို့သည်
သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့ထိ ကြာနီကန်သုဿန်တွင် ရှိနေမည်ဖြစ်သည်။
ရပ်နီးရပ်ဝေးမှ ကုသိုလ်ပြုလိုသူများ၊ အလှူရှင်များကို လက်ခံနေပါမည်။ အသေးစိပ်သိလိုပါက
အောက်ပါဖုန်းနံ ပတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ဆရာတော် ဦးနေမိန် = ၀၉၂၀၁၀၅၅၂ ၊ ၀၉၄၉၂၁၈၀၅၉
ဦးခင်မောင်တင့် = ၀၉၂၀၁၀၉၈၆
ဦးဝင်းရွှေ (အတွင်းရေးမှူး) = ၀၉၉၁၀၂၁၃၇၉
No comments:
Post a Comment