Monday, December 10, 2012

မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး) သမိုင်း

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် အိမ်ရှေ့မင်းသား ဦးပေါ်ကရခိုင် မှပင့်ဆောင်ခဲ့သည်။

သမိုင်း

မူလ ရခိုင်မင်းဆက်၏ အဦးပိုင်း စန္ဒာသူရိယမင်းလက်ထက်တွင် မြတ်ဗုဒ္ဓသည် ရခိုင်သို့ ကြွချီလာကာ တရားရေအေးတိုက်ကြွေးလေသည်။ မဇ္ဇျိမသို့ မပြန်မှီ မင်းနှင့် ပြည်သူတို့၏တောင်းဆိုမှုကြောင့် ကိုယ်စားတော်ကိုးကွယ်ရန်အတွက် ရုပ်ပွားတော်တစ်ဆူသွန်းလုပ်ရန် သဘောတူလေသည်။ သို့ဖြင့် မဟာမုနိအပါအ၀င် ရုပ်ပွားတော်လေးဆူကို သွန်းလုပ်သော်လည်း ကျန်သုံးဆူမှာ ပြည့်စုံခြင်းမရှိခဲ့ပေ။ (ဇလွန်ပြည်တော်ပြန် လည်းအပါအ၀င်ဖြစ်) မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ဗုဒ္ဓဘုရားကိုယ်တိုင် လက်ဖ၀ါးတော်ဖြင့် ရင်ငွေ့တော်(၇)ကြိမ်ပေးခဲ့သည့်အတွက် သက်တော်ရှိသည်ဟု ယုံကြည်ကြလေသည်။

အငြင်းပွားဖွယ်မှာ မြတ်ဗုဒ္ဓသည် မဇ္ဇျိမဒေသမှ လွဲလျှင် ကျန်နေရာများသို့ ကြွချီခြင်းမရှိဟူသော သမိုင်းဆိုင်ရာ အငြင်းပွားမှု နှင့် ရုပ်ပွားတော်၊ဆင်းတုတော် ထုလုပ်ကိုးကွယ်ခြင်းမှာ အာသောကမင်းကြီး လက်ထက်လွန်သည်အထိ အိန္ဒိယတွင်ပင် ထွန်းကားခြင်းမရှိသေးခြင်းတို့ကြောင့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ သမိုင်းနှင့် သက်တမ်းမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု သတ်မှတ်ကြသည်။

Posted by

No comments:

Post a Comment